Akihabara
အားလုံးပဲမင်္ဂလာပါ..အားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။မှာထားတဲ့ပစ္စည်းလေးတွေကshipping serviceဆီပို့လိုက်ပြီဖြစ်လို့infoသိရရင်ထပ်အကြောင်းကြားပေးပါ့မယ်..
Promoကာလကပြီးသွားပြီဖြစ်တာကြောင့်ပုံမှာပြထားတဲ့ဈေး+Shipping Feesကုန်ကျမှာဖြစ်ပါတယ်။ Shipping Feesကတော့အသက်သာဆုံးဖြစ်တဲ့Sizeနဲ့လိုက်ပြီးယူပါမယ်။ Air Cargoနဲ့Ship Cargoနဲ့နှစ်မျိုးရှိပြီshipကဈေးသက်သာပါတယ်..
Air Cargo Waiting time: 3 weeks
Ship Cargo Waiting time: within 2.5months
နောက်ထပ်ဈေးလျော့မယ့်အစီအစဉ်တွေကိုလည်းAdmin Teamစီစဉ်ထားပါတယ်။
confirmရင်ပြောပြပေးပါမယ်…
ဈေးမရောင်းခင်မှာပြီးခဲ့တဲ့အပတ်ကပြောထားတဲ့အတိုင်းAkihabaraအကြောင်းပြောချင်ပါတယ်..
Akihabaraလို့ဆိုလိုက်တာနဲ့Otaku တွေသိပြီးသားဖြစ်တဲ့နေရာတစ်ခုပါ။ တိုကျိုဘူတာကနေဘယ်လောက်မှမဝေးပဲမနက်11လောက်ကနေညနက်အထိအများစုလူငယ်တွေနဲ့ပြည့်နှက်နေတတ်ပါတယ်။ ကုမ္ပဏီကြီးတွေရဲ့Figureမိတ်ဆက်ပွဲတွေလုပ်တဲ့နေရာတွေထဲကတစ်ခုပါ။ cosplayersတွေမျိုးစုံကိုပွဲနေ့တွေဆိုမြင်တွေ့နိုင်ပါတယ်။ နောက်ထပ်Akihabaraရဲ့နာမည်ပြောင်တစ်ခုကတော့Electric Town ဆိုပြီးနာမည်ကြီးပါတယ်။
လမ်းကြိုလမ်းကြားတွေထဲမှာအဟောင်းလျှပ်စစ်ပစ္စည်းရောင်းတဲ့ဆိုင်ကနေYodobashiတို့လိုဆိုင်ကြီးတွေအထိရှိပြီးပလပ်ခေါင်းကအစအဝတ်လျှော်စက်Laptopတွေအထိအကုန်ရပါတယ်။ နောက်ဆုံးတစ်ခုကတော့Maid Cafeပါဂျပန်ဆယ်ကျော်သက်ကောင်မလေးတွေကအိမ်အကူပုံစံလေးတွေဝတ်စားဆင်ယင်ပြီး serviceပေးတဲ့ဆိုင်ပါ။ မိန်းကလေးတွေပါသွားလို့ရပါတယ်။ Menuတွေကသူ့Packageနဲ့သူရှိပြီးCard gamesတွေအတူကစားပေးတာစကားပြောတာသီချင်းဆိုပြတာတွေအပြင်ဓာတ်ပုံမှာရိုက်လို့ရပါတယ်။ ဆိုင်နဲ့လိုက်ပြီးပေးတဲ့Serviceနဲ့ဈေးနှုန်းကကွဲနိုင်ပြီးတချို့ဆိုင်လေးတွေကဈေးနည်းနည်းကြီးတဲ့အတွက်မသွားခင်budgetချင့်ချိန်ကြပါAdminကတော့Akihabaraမှာအကြိုက်ဆုံးအရာနှစ်ခုရှိပါတယ်။ တစ်ခုကတော့Figureတွေကောက်တဲ့နေရာရယ်နောက်တစ်ခုကတော့ဘူတာနားကFigureတွေသီးသန့်ရောင်းတဲ့နေရာပါ…