Book Off

ဒီတခေါက်ပိတ်ရက်မှာတော့အိမ်နားကBook off ကိုသွားခဲ့ပြီးအက်ဒ်မင်ကြိုက်တဲ့ Fg လေးတွေတွေ့လို့တင်ပေးလိုက်ပါတယ်။ အရုပ်လေးတွေရောင်းရင်းနဲ့Book off အကြောင်းလေးကိုလဲအကျဉ်းချုံးရှင်းပြပေးပါမယ်နော်

Book off?

ဂျပန်မှာusedပစ္စည်းတွေရောင်းတဲ့အကြီးဆုံးနေရာလို့ပြောလို့ရပါတယ်။ စစလုပ်ချင်းတုန်းကစာအုပ်တစ်ခုထဲပေမယ့်အခုချိန်မှာတော့စီဒီခွေဂိမ်းခွေဂိမ်းစက်အစအင်္ကျီအားကစားပစ္စည်းမိန်းကလေးအသုံးအဆောင် Branded ပစ္စည်း တွေအထိရောင်းလဲရောင်းသလိုဝယ်လဲဝယ်ပါတယ်။ အခုဆိုရင်ဂျပန်နဲ့တခြားနိုင်ငံတွေမှာစုစုပေါင်းဆိုင်ခွဲပေါင်း866ဆိုင်အထိတောင်အောင်မြင်နေပြီဖြစ်ပါတယ်။ဂျပန်လူမျိုးတွေဟာအသုံးအဆောင်ပစ္စည်းတွေသုံးရာမှာစည်းစနစ်ကျတယ်လို့နာမည်ကြီးတဲ့အတိုင်း usedပစ္စည်းပေမယ့်အကောင်းအတိုင်းနီးပါးရှိနေတတ်ပါတယ်။ တချို့တွေကျတော့ပိုက်ဆံအပိုဝင်ငွေရချင်တာကြောင့်မသုံးရသေးတဲ့ပစ္စည်းလေးတွေတောင်လာရောင်းတာရှိပါတယ်။ သူတို့ဆီသွားရောင်းရင်တော့ဈေးကတော်တော်နှိမ်တယ်လို့ပြောရပါမယ်။ တခါတလေအင်္ကျီတထည်မှ¥20ဝန်းကျင်လောက်သာရတတ်ပြီးbook off မှာပြန်ရောင်းရင်တော့¥500လောက်နဲ့ပြန်ရောင်းတတ်ပါတယ်။¥1¥2ကအစကြည့်တတ်တဲ့ဂျပန်လူမျိုးတွေအတွက်ကတော့ဘယ်လောက်ရရရောင်းကျတာများပါတယ်။ ဈေးနှုန်းတွေကတော့ကုန်တိုက်တွေမှာထက်အများကြီးဈေးချိုတတ်ပြီးပစ္စည်းကောင်းလေးတွေကိုရှာဖွေတတ်ဖို့တော့လိူပါတယ်နော်.. Book off ဆိုင်အမျိုးအစားအမျိုးမျိုးရှိပြီးအကြီးဆုံးနဲ့အစုံဆုံးနေရာကတော့Book off Bazaarဖြစ်ပါတယ်။ အက်ဒ်မင်လဲပျင်းရင်လျှောက်သွားကြည့်တတ်ပါတယ်